ဒီစာအုပ်လေးက အရောင်သဘောသဘာဝနဲ့  ဖွဲစည်းပုံ အဓိပ္ပာယ်တွေကို နားလည်
သဘောပေါက်အောင် အပြည့်အ၀ ကူညီပါလိမ့်မယ် ။ ဘာလို့  ဒီဇိုင်နာသမားတွေနဲ့ 
ဓာတ်ပုံသမားတွေအတွက် ရည်ရွယ်ခေါင်းစဉ်တတ်ရသလဲဆိုရင် အရောင်တွေရဲ့
သဘောသဘာဝ အဓိပ္ပာယ်တွေကို အပြည့်အ၀ နားလည်မှသာ သူတီထွင်တဲ့ပုံဟာ
လက်ရာလည်းမြောက် ရည်ရွယ်ချက်လည်း ပေါ်လွင်ပါလိမ့်မယ့် ဥပမာ အလံတွေက
အရောင်တွေဟာ သူ့ ဘာသာပြန်ချက်နဲ့ သူရှိတယ် အနီဆိုပါစို့  အနီရောင်ဆိုတာက
သတ္တိရှိခြင်း ရဲရင့်ခြင်း အ၀ါရောင်ဆိုရင် နေရဲ့အလင်းရောင်ဖြစ်လို့ ထကြွလုံးလရှိခြင်း
ဖြောင့်မတ်မှန်ကန်မှုရဲ့ ပြယုဂ်ဖြစ်တယ် လိမ္မော်ဆိုရင် မာန်မာနကြီးမားခြင်းနဲ့ ဆန္ဒရဲ့
တွန်းအားကို ကိုယ်စားဖြုသောအရောင်ဖြစ်တယ် ဆိုလိုတာကတော့ အရောင်းတိုင်း
သဘောသဘာရအဓိပ္ပာယ်တွေ ရည်ရွယ်ချက်တွေရှိတယ် ဘယ်လိုဒီဇိုင်နာပဲဖြစ်ဖြစ်
ဒီဟာတွေကို သဘောပေါက်မှသာ ကာလဒေသနဲ့  လိုက်ဖက်တဲ့ ဒီဇိုင်းတစ်ခုဖန်တီး
လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် အချစ်ဝတ္ထုတစ်အုပ်ရဲ့ ကာဗာဒီဇိုင်းကိုလိုက်ဖက်ဖို့ ဆို
ဇာတ်လမ်းနဲ့  လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ဆွဲယူရမှာဖြစ်တယ် မင်္ဂလာဆောင်
ဖိတ်စာပိုစ်ကတ် တစ်ခုဆိုရင်ရော သူနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးတတ်ရတယ်
အဲ့တော့ဒီဇိုင်နာတစ်ယောက်ဟာအရောင်အကြောင်းကောင်းကောင်းသိမှသာလျှင်
Creator ကောင်းကောင်းဖြစ်မှာ။ဒီစာအုပ်က အရောင်တစ်ခုစီရဲ့ အသေးစိတ်ကိုဖွဲ့ ဆို
ရေးသားထားတာမို့ တန်ဖိုးရှိပါတယ် ။ ပုံနှိပ်လုပ်ငန်မှာလုပ်နေတာမို့  အလုပ်ဝင်စက
ဒီအရောင်တွေနဲ့ ပတ်သက်ပီး မန်နေဂျာဖတ်ခိုင်း လေ့လာခိုင်းလို့  အင်္ဂလိပ်လိုတော့
ဖတ်ဖူးတယ် မြန်မာလိုစာအုပ်ရှိမှန်းလည်းမသိခဲ့ဘူး ပုံနှိပ်လုပ်ငန်းမှာလည်း CMYK
နားလည်ရတယ် ပြီးတော့ Printing Quality ကို စစ်ဆေးဖို့ အတွက် LAB တိုင်းတာဖို့ 
Standard Value နှိုင်းယှဉ်ဖို့ လက်တွေ့ လေ့လာဖူးတယ် ။ သင်လည်းသင်ခဲ့ရတယ်
ဒီစာအုပ်သာ စောစောဖတ်ခဲ့ဖူးရင် စောစော သိရမယ် ။အစက CMYK ဆိုတာကို
ဘာရည်ရွယ်မှန်းမသိခဲ့ဘူး ။ အခုတော့ ကောင်းကောင်း သဘောပေါက်သွားပြီပေါ့
အရောင်ဆိုတာက လူတိုင်းနဲ့ ပတ်သက်နေတာမို့  အရောင်တွေရဲ့သဘောတရားကို
လူတိုင်းနားလည် သဘောပေါက်ထားခဲ့ရင် အလိုရှိသလို အသုံးချလို့ ရတာပေါ့နော
ဘယ်လိုပွဲမှာ ဘာအရောင်ဝတ်သင့်လဲဆိုတာ သာမာန်လူတွေလည်း သိဖို့ လိုတယ်
အဲ့တော့ ဖတ်မိသမျှ ဖောက်သည်ချလိုက်ရပါကြောင်း Designer ,Creator ဖြစ်ချင်
လုပ်ချင်တာမို့ လေ့လာရင်း သင်ယူရင်း ..၀ါသနာတူ စိတ်ကူးတူရင် ယူဖတ်နိုင်ပါ၏
ဒီလင့်မှာ Download ယူပါ - www.mediafire.com/အရောင်သဘောတရား
0 ความคิดเห็น:
แสดงความคิดเห็น