မင်္ဂလာပါမောင်ခိုင်ထူးဘလော့ကိုလာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

แสดงบทความที่มีป้ายกำกับ ios7 แสดงบทความทั้งหมด
แสดงบทความที่มีป้ายกำกับ ios7 แสดงบทความทั้งหมด

วันพุธที่ 27 สิงหาคม พ.ศ. 2557

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။ 
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။ 

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ... 


iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်


မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။



လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



မြန်မာလက်ကွက် အတွက် Install Source (2)

  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။

  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**အထက်ပါအတိုင်း သွင်းယူပြီးနောက် ကီးဘုတ်တွင် ?? များပေါ်နေသူများ**

ကီးဘုတ်တွင် ?? များပေါ်နေခဲ့ပါက "macforus repo" တွင် သွင်းယူထားသော "Zawgyi iOS 7 Font" ကို Remove/Uninstall လုပ်၍ "ttkz.me" ထဲကမှ "Zawgyi iOS 7 Font" ကို သွင်းယူပါ။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား 

วันเสาร์ที่ 11 มกราคม พ.ศ. 2557

iOS သမားများအတွက် Apple ID ပြုလုပ်နည်း

မင်္ဂလာပါ  ဒီတစ်ခါတော့ တဂျီဂျီတပွမ်ပွမ်နဲ့ တောင်းနေကြတဲ့ Apple ID ကို ကိုယ်တိုင်လုပ်တတ်အောင် လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်.. သိပြီးသားဖြစ်သော ကိုကို မမများ ဤပို့စ်ကို ကျော်သွားလိုက်ပါခင်ဗျာ မသိသေးသော သူများအတွက် ရေးပေးခြင်းဖြစ်ပါတယ်။ ကဲစလိုက်ကြရရောင် ပထမဆုံးရေးပေးမှာကတော့ ဖုန်းနဲ့ဖွင့်နည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ ပြီးရင် မိမိနှစ်သက်ရာ Free app တစ်ခုကိုဒေါင်းလိုက်ပါ...



ပြီးသွားရင်တော့ apple ID တောင်းပါလိမ့်မယ် အဲဒီနေရာမှာ Create New Apple ID ကိုနှိပ်ပြီးတော့သွားလိုက်ပါ





ပြီးသွားရင်တော့ Store ကိုမလေးရှားလို့ရွေးပေးလိုက်ပါ..  Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ



နောက်စာမျက်နှာ ရောက်ပြီဆိုပြီဆိုရင်တော့ မိမိ Email နဲ့ မိမိအသုံးပြုမည့် password ထည့်ပါ။ Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီး စာလုံးကြီးတစ်လုံးနှင့် ဂဏန်းများပါဝင်ရမှာဖြစ်ပါတယ် အလွယ်ဆုံးနည်းကတော့ ပထမဆုံးစာလုံးကို အကြီးနဲ့ရေးပြီး ကျန်တာကို ပုံမှန်ရေးသွားလိုက်ပါ အဆင်ပြေမှာပါ ဥပမာ= Moenyothar12345 အဲလိုမျိုးပေါ့။ ပြီးသွားရင် Question နဲ့ Answer မှာ မိမိမှတ်မိလွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်ပါ အရေးကြီးပါတယ်။ တစ်ချိန်ချိန်မှာ မိမိ Password မေ့သွားခဲ့ရင် ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။ နောက်ထပ် မွေးနေ့ ရက် လ တွေကိုထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။





ကဲအခုဆိုရင်တော့ Billing Information  ထည့်ရမည့်နေရာကိုရောက်ပါပြီ ဒီနေရာမှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။ ဒီနေရာမှာ ပြောစရာရှိပါတယ် အပေါ်မှာကျွန်တော်ပြောခဲ့သလို Free app ကို နှိပ်မလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။ None ကိုအမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင် ကျန်တာတွေဆက်ထည့်ရအောင် Title မှာ Mr/Ms ရွေးပါ။ First Name ထည့် Last Name ထည့်ပါ။ Address နေရာနှစ်ခုစလုံးမှာ Balakong လို့ရေးထည့်ပါ. Postcode နေရာမှာ 43300 လို့ထည့်ပါ။
Town နေရာမှာ Seri Kembangan လို့ရေးထည့်ပါ... County မှာ Kuala Lumpur ကိုရွေးပေးလိုက်ပါ. ပြီးသွားရင်တော့ ဖုန်းနံပတ်ကို မိမိကြိုက်တာထည့်ပါ. ပြီးသွားရင်တော့ Next ကိုနှိပ်ပါ ပြီးသွားရင်တော့ Verify Your Account ဆိုပြီးတော့ မိမိ အီးမေးလ်မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ် ဒါဆိုရင် Account လုပ်ခြင်းပြီးဆုံးပါပြီ.







ပြီးသွားရင်တော့ စောစောကထည့်ခဲ့တဲ့ Email ကိုဖွင့်ပြီးတော့ Apple ကပို့ထားတဲ့ mail ကိုဖွင့်ပါ.ပြီးတော့ Verify Now ဆိုတာကို နှိပ်ပြီးတော့ ထည့်ခဲ့တဲ့ ID နဲ့ Password ကိုထည့်ပေးလိုက်ပါ.. ပြီးပြီဆိုရင်တော့ Apple ID ကိုစတင်ပြီးတော့ သုံးလို့ရပါပြီ။ အဆင်ပြေကြပါစေဗျာ။ ဒါကတော့ ဖုန်းနဲ့ဖွင့်တဲ့နည်းလမ်းဖြစ်ပါတယ်။


ကွန်ပျူတာနဲ့ ဖွင့်မည့်သူတွေကတော့ ကွန်ပျုတာမှာ iTunes ရှိရမှာဖြစ်ပါတယ် မရှိသေးရင် ဒီနေရာကို နှိပ်ပြီးတော့ သွားယူလိုက်ပါ။ ကွန်ပျူတာမှာ iTunes  ရှိပြီဆိုရင် iTunes ကိုဖွင့်ပါ။ iTunes ရဲ့ အပေါ်ဘက် ညာဘက်ထောင့်မှာ ရှိတဲ့ iTunes Store ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ..




iTunes Store ကိုရောက်ပြီဆိုရင် App Store ဆိုတာကို ထပ်နှိပ်ပါ။ App Store ထဲရောက်သွားပါလိမ့်မယ်။



 ရောက်ပြီဆိုရင် အထဲမှာ ရှိတဲ့ Free App တစ်ခုကို  နှိပ်လိုက်ပါ



App နဲ့ပတ်သက်တာတွေ ကြလာပါလိမ့်မယ် Icon အောက်က Free လို့ရေးထားတာကို နှိပ်လိုက်ပါ apple ID နဲ့ Password ထည့်ရန် ကျလာပါလိမ့်မယ်။



Box ကျလာပါက Create Apple ID ကိုဆက်နှိပ်ပါ..



ပြီးရင် အောက်မှာပြထားတဲ့  ပုံပါအတိုင်း Continue ဆိုတာကိုနှိပ်ပါ.. နောက်ထက်စာမျက်နှာသို့ရောက်ပါလိမ့်မည်




ဒီစာမျက်နှာမှာတော့ I have read and agree to these terms and conditions ဆိုတာကို အမှန်ခြစ်ပေးပြီးတော့ Agree ကိုဆက်နှိပ်ပါ ..





Apple ID ဖွင့်တဲ့နေရာကို ရောက်ပါပြီခင်ဗျာ .. ကျန်တာတွေကတော့ ဆက်ပြီးတော့ လုပ်တတ်လိမ့်မယ်လို့ မျော်လင့်ပါတယ်.. အပေါ်မှာရေးခဲ့တဲ့ ဖုန်းနဲ့ဖွင့်နည်းမှာ ဒီအဆင့်ကနေစပြီးတော့ အကုန်အတူတူပါပဲ



အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါ. အဆင်ပြေကြပါစေဗျာ..

วันศุกร์ที่ 10 มกราคม พ.ศ. 2557

Zawgyi Font & Keyboard ထည့်သွင်းနည်း For iOS7 {works on both Notes and Mobile Safari}



မြန်မာဖောင်.နှင်. ကီးဘုတ်သွင်း လို.ရတာကြာပါပြီး ခင်ဗျ။သို.သော်...Note and Mobile Safari တိုတွင်မြန်မာစာမပေါ်သေးပါ။ Note and Mobile Safari မြင်ချင်ပါက Safari ကနေ Zawgyi ဖောင်.ကိုထပ်သွင်းပေးရတယ်.......အခုတော့ ဒီအခက်အခဲးကိုဖြေရှင်နိုင်ခဲ့ပါပြီ......Cydia ကနေ Zawgyi ဖောင်.တစ်ခုကိုသွင်းလိုက်ရင်ရပါပြီး။ဒီဖောင့် နှင်. ကီးဘုတ်သွင်းရန်အတွက် Jailbreak ပြုလုပ်ထားရန်လိုအပ်ပါတယ်.....Jailbreak လုပ်နည်းကိုသိချင်ပါက ဒီမှာဝင်ဖတ်ပေးပါ။



Cydia မှာ...ကျွန်တော်...Repo ကို Add လိုက်ပါ။

Cydia > Manage > Sources > Edit > Add > http://cydia.myrepospace.com/komin27/

Cydia မှာ Repo Add လုပ်နည်းမသိပါက ဒီမှာဖတ်ပေးပါ။



Add လုပ်ပြီးရင် ကျွန်တော် Repo ထည်းက Zawgyi Font For IOS 7 (2) ကို install လုပ်ပေးပါခင်ဗျ။Zawyi Font နှစ်ခု ထည်းက........Zawgyi Font For IOS 7 (2) ကို install




 ကီးဘုတ် ထည့်နည်းကတော.လွယ်ပါတယ်.....ကွန်တော် Repo ထည်းက ttKeyboard ကိုသွင်းပေးပါခင်ဗျ။


 ဒီဖောင်.ကို ကို Thant Thet Khin Zaw ကပြုလုပ်ပေးထားတာပါ ခင်ဗျ။
ပိုစ့်ရေးသားသူ=== KOMIN(MYANMAR IDROID APP FREE)

LinkWithin

Related Posts Plugin for WordPress, Blogger...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More