
iOS 6 ဟာ
over-the-air (OTA) ကို အသုံးပြုပြီး Apple က ဖြန့်ချိပေးတဲ့ ပထမဦးဆုံး
full iOS update ဖြစ်ပါတယ်။ iOS 6 မှာ အဆင့်မြှငထားတဲ့ iCloud
စနစ်ပါဝင်လာပြီး ၎င်းဟာလက်ရှိ iOS ထုတ်ကုန်တေအတွက် update ပြုလုပ်တဲ့အခါ
ပိုမိုလျင်မြန် လွယ်ကူစွာ ပြုလုပ်စေသလို ထုတ်ကုန်သစ်များကို ပြောင်းလဲ
အသုံးပြုတဲ့အခါမှာလည်း အဆင်ပြေ ချောမွေ့စေပါတယ်။ ဒါပေမဲ့
သိုလှောင်မှုစနစ်မှာ ပြဿနာဖြစ်ပေါ်ခြင်း၊ ပါဝါနဲ့ ချိတ်ဆက်မှုများတွင်
ချို့ယွင်းမှုဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်တဲ့အခါမှာ ဖိုင်ပျက်စီးမှု
ဖြစ်ပွားနိုင်ပါတယ်။
သုံးစွဲသူအချို့ဟာ
၎င်းတို့ရဲ့ မိသားစု ဓာတ်ပုံများ၊ အလုပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများစတဲ့
အရေးကြီးတဲ့ အချက်အလက်တွေကို မပျက်စီး မဆုံးရှုံးစေဖို့အတွက် backup များစွာ
ပြုလုပ်ထားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဆိုလိုတာက backup တွေကို local
copy အပြင် iCloud မှာ သိမ်းဆည်းထားသင့်သလို PhoneView လိုမျိုး app
တွေနဲ့လည်း backup လုပ်ထားသင့်ပါတယ်။
iPhone, iPod နှင့် iPad ကို iCloud တွင် backup ပြုလုပ်ခြင်း
အသုံးပြုသူ အနေနဲ့
iCloud မှာ log in ဝင်ပြီးတဲ့အခါမှာ iCloud ဟာ Wi-Fi ကွန်ရက်တစ်ခုနဲ့
ချိတ်ဆက်ထားတဲ့ iPhone, iPod touch နဲ့ iPad တို့ကို power source တစ်ခုမှာ
တပ်ဆင်ထားတဲ့အခါတိုင်း အလိုအလျောက် backup ပြုလုပ်ပေးပါတယ်။ iCloud backup
ဟာ စွမ်းအင် လိုအပ်တဲ့အတွက် backup ပြုလုပ်နေစဉ်မှာ အားသွင်းဖို့
လိုအပ်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပမာဏ များပြားတဲ့ အချက်အလက်တွေကို
လွှဲပြောင်း ပေးရခြင်း ဖြစ်သည့်အတွက် Wi-Fi လိုအပ်ရခြင်း ဖြစ်ပါတယ်။
iCloud backup ကို manual အသုံးပြုခြင်း
အကယ်၍ iCloud backup ကို manual အနေနဲ့ အသုံးပြုလိုပါက အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။
(၁) Settings app ကိုဖွင့်ပါ။
(၂) iCloud ကိုနှိပ်ပါ။
(၃) Storage & Backup ကိုနှိပ်ပါ။
(၄) အောက်ဘက်နားမှာရှိတဲ့ Back Up Now ကိုနှိပ်ပါ။ Backup
ကြာမြင့်ချိန်ကတော့ Wi-Fi ကွန်ရက်ရဲ့ အမြန်နှုန်းနဲ့ backup လုပ်မယ့်
အချက်အလက် ပမာဏအပေါ် မူတည်ပါတယ်။
iPhone, iPod နှင့် iPad ကို iTunes ဖြင့် backup ပြုလုပ်ခြင်း
(၁) Backup ပြုလုပ်မယ့် iDevice (iPhone, iPod, iPad) ကို ကွန် ပျူတာမှာ တပ်ဆင်ပါ။
(၂) iTunes ကိုဖွင့်ပါ။
(၃) အကယ်၍ iCloud ကိုအသုံးပြုထားတယ် ဆိုရင်တော့ sync setting အားလုံးကို de-select လုပ်ပါ။
(၄) Navigation bar မှာရှိတဲ့ device ရဲ့အမည်ပေါ်မှာ right-click နှိပ်ပြီး Backup ကို နှိပ်ပါ။
PhoneView ကို အသုံးပြုပြီး manual backup ပြုလုပ်ခြင်း
အကယ်၍ device မှာ
passcode ခံထားခဲ့မယ်ဆိုရင် PhoneView နဲ့ manual backup မပြုလုပ်မီ iPhone
ကို unlock လုပ်ပြီး Home Screen အနေအထားနဲ့ တပ်ဆင်ရပါမယ်။
(၁) iDevice ကို Mac မှာတပ်ဆင်ပြီး Phone View app ကိုဖွင့်ပါ။
(၂) Archive ကိုနှိပ်ပါ။
iCloud backup မှ restore ပြုလုပ်ခြင်း
iOS 6
ထုတ်ကုန်သစ်တစ်ခုကို Setup Assistant ကနေ အသုံးပြုတဲ့ အခါ “Restore from
iCloud Backup” ကိုရွေးချယ်ပြီး iCloud account နဲ့ password ကို
ထည့်သွင်းခြင်းဖြင့် restore ပြုလုပ်နိုင်ပါတယ်။ Restore လုပ်တဲ့အခါမှာ
device တစ်ခုချင်းစီရဲ့ လတ်တလော ပြုလုပ်ထားတဲ့ backup တွေကို
တွေ့မြင်ရပါမယ်။ နှစ်သက်ရာ backup ကို ရွေးချယ်ပြီး restore
လုပ်နိုင်ပါတယ်။
Restart
ပြီးသွားတဲ့အခါမှာတော့ setting များနဲ့ account များကို restore
ပြုလုပ်ပြီး ဝယ်ယူထားတဲ့ သီချင်း၊ တီဗီရှိုးများ၊ app များ၊ စာအုပ်များ၊
Camera Roll နဲ့အခြား content တွေကို download ပြုလုပ် ပေးပါလိမ့်မယ်။
Restore ပြုလုပ်စဉ်မှာ တူညီတဲ့ app ဗားရှင်းကို download
ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အကယ်၍ အဆိုပါ ဗားရှင်းကို အထောက်အပံ့ မပေးတော့ပါက
app ရဲ့နောက်ဆုံးဗားရှင်းကို restore ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
iTunes backup မှ restore ပြုလုပ်ခြင်း
iTunes မှာ
ပြုလုပ်ထားတဲ့ backup ကို restore ပြုလုပ်လိုတဲ့ အခါမှာ ပုံမှန် sync
ပြုလုပ်နေကျအတိုင်း iOS device ကိုကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး
ပြုလုပ်နိုင်ပါတယ်။
(၁) Navigation bar မှာရှိတဲ့ iOS device ရဲ့အမည်မှာ right-click နှိပ်ပြီး Restore from Backup ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါတယ်။
(၂) အကယ်၍ iOS device သစ်ကို restore ပြုလုပ်မယ်ဆိုပါက အဆိုပါ device ကို iTunes နဲ့ချိတ်ဆက်ပြီး restore from backup
option မှ backup ကိုရွေးချယ်ပြီး restore လုပ်နိုင်ပါတယ်။
သုံးသပ်ချက်
စာဖတ်သူရဲ့
အချက်အလက်တွေဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို အရေးပါလှပါတယ်။ ဒါကြောင့်
iCloud နဲ့ backup ပြုလုပ်ခြင်း၊ iTunes နဲ့ backup ပြုလုပ်ခြင်း စတာတွေကို
နေ့စဉ်ပြုလုပ်ထားသင့်ပါ တယ်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအတွက် အချက်အလက်
ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာတဲ့ အခါမှာ အခက်အခဲ မရှိဘဲ
အချက်အလက်တွေကို အလွယ်တကူ ပြန်လည် ရယူနိုင်စေမှာ ဖြစ်ပါတယ်။
ဘမ္ဘီ
ကိုးကား – အင်တာနက်ဂျာနယ်