မင်္ဂလာပါမောင်ခိုင်ထူးဘလော့ကိုလာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

วันศุกร์ที่ 14 ธันวาคม พ.ศ. 2555

သီချင်းဖွင့်ရင် ဂီတာလက်ကွက်ပြပေးတဲ့ဆော့ဝဲလ်လေးပါ



အနာဂတ်ကောင်းကင် / အမျိုးကောင်းသားဆိုဒ်ကနေ ပြန်လည်
မျှဝေပေးလိုက်ပါတယ်လုပ်ဆောင်ချက်တွေကလည်းရိုးရှင်းပါတယ် 
ဂီတာတီးတတ်တဲ့သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေဗျာ
Download>>>zippyshare (or)go4up





►►►♥♥♥ ဒီလိုအသည်းပုံလေးတွေရေးမယ်

သူငယ်ချင်းတို့ဒီလို ►►►♥♥♥ play ပုံတွေအသည်းပုံတွေရေးချင်ရင် မသိသေးတဲ့လူအတွက်ရည်ရွယ်ပါတယ်နော် ကဲစရအောင် ပထမဆုံး
windows start menu ကို click ပါပြီးရင် All Programs ကို click ပါ
ပြီးရင် accessories ကို click ပါ

ပြီးရင် System Tools ကို click ပါ
ပြီးရင် Character Map ကို click ပါ
ဒီလိုပုံလေးတွေ့ရပါပြီး
ကြိုက်တဲ့စာလုံးရွေးယူပါ...

วันพุธที่ 12 ธันวาคม พ.ศ. 2555

Desktop ပေါ်က ဖိုင်တွေ မြန်မာစာ မပေါ်ကဖြေရှင်းနည်း

ဒါကတော့ကျွန်တော့ဘလော့ဆရာ ကိုအောင်အောင် ဘလော့ခရီးသည်ကနေမလာတာပါ...

Desktop ပေါ်က ဖိုင်တွေ မြန်မာစာ မပေါ်ကဖြေရှင်းနည်း



 သည်တစ်ခါ တင်မဲ့ နည်းလမ်းလေးကတော့..ကျွန်တော်တို့ မသိသေးသူများအတွက် ဖြစ်ပါတယ်..
မိမိတို့ ကွန်ပျူတာမှာ ဖိုင်လေးတွေ ရေးဖွဲ့ထားတတ်ကြပါတယ်.. အဲဖိုင်လေးတွေကိုလဲ မြန်မာလို
အမည်လေးတွေ ပေးကြပါတယ်.. တခါတလေ  ပြဿနာက မြန်မာလိုမပေါ်ဘဲ အတုန်းလေးတွေ ဘဲပေါ်နေတတ်တာရှိပါတယ်..အဲပြဿနာ အတွက် ဖြေရှင်းနည်းလေးပါ..

အဆင့် (၁)  အနေနဲ့...  မိမိတို ကွန်ပျူတာ ပေါ် လွတ်ရာကနေ.. Right Click ပေးလိုက်ပါ..
                               အောက်ကပုံလေးအတိုင်းပေါ့..
အဲအခါမှာ အောက်ဆုံးက Personalize ကိုကလစ်လိုက်ပါ။

အဆင့် (၂) အနေနဲ့.............နောက်ထပ် ဇယားတစ်ခုကျလာမှာ ဖြစ်ပါတယ်..အောက်ကပုံပါ.


 အဲမှာ သေခြာ ကြည့်လိုက်ပါနော်...
ပထမဆုံး.... Window Colour ဆိုတာကိုကလစ်လိုက်ပါ... နောက် ဇယားလေးတစ်ခုကျလာမယ်..
ကျလာတဲ့ ဇယားလေးမှာ ဘဲ.. Item ဆိုတဲ့ နေရာမှာ အနီဝိုင်းပြထားတာကနေ Iconဆိုတာကိုရွေးပေးရမှာ ဖြစ်ပါတယ်...
နောက် Font ဆိုတဲ့နေရာကိုတော့  Zawgyi-One ဆိုတာရွေးပေးလိုက်ပါ...
သူ့နောက်မှာ အရွယ်အစားကိုလဲ ရွေးချယ်ပေးနိုင်ပါတယ်..
ပြီးတာနဲ့ နောက်ဆုံးအဆင့်  Apply ကိုကလစ်ပါ...ခဏစောင့်ပါ  ... Ok ကိုကလစ်ပါ..
ပြီးပါပြီ.. မိမိတို့ ဖိုင်လေးတွေ ပြန်ကြည့်လိုက်ပါ.. မြန်မာစာတိုင်းပေါ်နေပါပြီ........

 အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 

Google Chrome မှာ မြန်မာဖေါင့်ဖြေရှင်းနည်း

ကျွန်တော်ကိုလွင်မင်းဗိုလ်စီကနေကူးယူရှယ်တာပါ...

Mozilla ထက်ပိုမြန်တဲ့ Google Chrome (Google Chrome မှာမြန်မာစာပေါ်အောင်လုပ်နည်း)




Google Chrome အသုံးပြုပုံ၊ အသုံးပြုနည်းကို ဝက်ဘ်ဆိုဒ်တော်တော်များမှာ ရေးထားကြတာတွေ့ဖူးပါလိမ့်မယ်..။ ကျနော်ကတော့ ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြန်ရှင်းပြထားတာပါ..။ ကျနော့်သူငယ်ချင်း တစ်ယောက်လည်း မလုပ်တတ်သေးလို့ ဖုန်းဆက်ပြီး ကျနော့်ကို မေးနေတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ google chrome မှာ မြန်မာစာပေါ်အောင်လုပ်လို့ရပေမယ့် တခါတလေ တချို့နေရာတွေမှာ အပြည့်အဝ အလုပ်မလုပ်ပါဘူး..။ လေးထောင့်ကွက်လေးတွေမဟုတ်ရင် ကမောက်ကမ စာလုံးတွေ မြင်ရတဲ့အခါ ရှိပါတယ်..။ နောက်တခါ ပြန်ဝင်ကြည့်ရင်ကောင်းနေပြန်ရော..။
ဘယ်လိုပဲဖြစ်ဖြစ် သုံးရတာတော့ သိပ်အကောင်းကြီးမဟုတ်တောင်မှ အတော်လေးတော့ အဆင်ပြေပါတယ်..။ နောက်ပြီး You Tube ကသီချင်းတွေကို ဒေါင်းလော့ချရတာလည်း လွယ်တယ်..။ IDM နီးနီးမြန်တယ်..။ လုပ်နည်းလေးကတော့ အောက်မှာကြည့်လိုက်ပါဗျာ.. မိမိတို့စက်ထဲမှာ Google Chrome မရှိသေးရင်ဒီနေရာလေးမှာ အရင် ဒေါင်းလော့ချလိုက်ပါ...။
မိမိတို့ရဲ့ စက်ထဲမှာ Google Chrome ရောက်ပြီဆိုရင်တော့ နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ.. မြန်မာစာရေးလို့ရအောင်၊ ပေါ်အောင်လို့ ဒီအောက်ကလင့်လေးကို copy ကူး ၊ Google Chrome ရဲ့ Google စာမျက်နှာမှာ paste နဲ့ ထည့်ပြီး Enter ခေါက်လိုက်ရင် ဒီအောက်က ပုံမျိုးကို မြင်ရပါပြီ..။ ဒီအောက်မှာပေးထားတဲ့ လင့်တွေဟာ Google Chrome နဲ့ဆို တခါထဲ ကလစ်ပြီးတန်းဝင်လို့ ရအောင် လုပ်ထားတဲ့ လင့်အရှင်တွေပါ..။ Chrome နဲ့ဆို နှိပ်ပြီးတန်းဝင်လိုက်ပါ...။
ကျန်တာတွေတော့ ပုံမှာပြထားတဲ့အတိုင်း ဆက်လုပ်သွားလိုက်ပါ...








အောက်ကပုံလေးအတိုင်း A,B,C,D နေရာတွေကိုနှိပ်ပြီ.. ဇော်ဂျီဝမ်းရှိတဲ့ နေရာကို သွားပြောင်းပေးလိုက်ပါ...




အောက်ကပုံကတော့ မိမိတို့ရဲ့ အကော့င်းပါတ့်စ်ဝါတ်တွေကို မမှတ်မိအောင်၊ မှတ်မထားအောင် သွားပြောင်းပေး လိုက်ပါ..။ သူများယူကြည့်တဲ့အခါ ကိုယ့်အကောင့်တွေ ပွင့်မလာအောင်လို့ပါ..။


ဒီအောက်ကပုံကတော့ မိမိတို့ ကြည့်ထားတဲ့ ဝက်ဘ်ဆိုဒ်တွေကို History ထဲမှာမှတ်ထားပေးပါတယ်..။ အဲဒါတွေကိုဖျက်ချင်ရင်တော့ ကီးဘုတ်ရှော့ကတ်ကီး Ctrl+H ကိုနှိပ်လိုက်ရင် ပေါ်လာပါပြီ..။ ဖျက်မယ်ဆိုရင်တော့ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်လိုက်ပါ...။




Google Chrome နဲ့ You Tube ကသီချင်းတွေကို ဒေါင်းလော့ချချင်ရင်တော့ ဒီလင့် (http://www.chromeextensions.org/utilities/ultimate-youtube-downloader/ )ကို copy ကူးပြီး Chrome ရဲ့ Google စာမျက်နှာမှာ paste ထည့် Enter ခေါက်လိုက်ရင် ဒီအောက်က ပုံလေးတွေအတိုင်း ပေါ်လာပါပြီ.. ဒေါင်းလော့speed ကတော့ IDM လောက်ကိုမြန်ပါတယ်...။ Connection ကောင်းဖို့တော့ လိုတာပေါ့ဗျာ..





c

วันอังคารที่ 11 ธันวาคม พ.ศ. 2555

၂၀၁၂ဒီဇင်ဘာလအတွက် ၇ ရက်သားသမီး ကံကြမ္မာ ဟောစာတမ်း

ကျနော် http://www.mmcfamily.org/ ကနေ shared ယူလာတာပါ။




တနင်္ဂနွေသားသမီးများအတွက်

ခရီးတို ခရီးရှည်များ သွားနေရလိမ့်မည်။

ထိုခရီးသည်များသည်လည်း သင့်အတွက် အကျိုးထူးစေပါလိမ့်မည်။
မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန်လိုပါသည်။
မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။
အလုပ်အကိုင်၌ ထိခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။
ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။

မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။
မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။
လူမျိုးခြား ဒုက္ခပေးတတ်သည်။

သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။
စက်ပစ္စည်း ဒုက္ခပေးတတ်သည်။
ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများကြုံရတတ်သည်။
မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။
ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့ကအကူအညီအကောင်း ပေးလာလိမ့်မည်။




အထူး သတိပြုရန် - ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင်
ဆုံးပါးသွားတတ်သည်။

ခြေထောက်တွင် အန္တရာယ်ဖြစ်တတ်သည်။
လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။
ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံတရား၏မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။
အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။
ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ
သက်သာပြေပျောက်စေရန်အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီ သက်စေ့လှူပါ။ ဆေးဝါး ဓာတ်စာလှူပါ။










တနင်္လာသားသမီးများအတွက်


ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။

လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အသွယ်ကောင်းများပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန်
မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး
ညံ့သွားတတ်သည်။မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။
အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ်အထင်လွဲတတ်သည်။
သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ
ဖြစ်တတ်သည်။စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။



အထူးသတိပြုရန် - ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။
မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲလမ်းခွဲရတတ်သည်။
သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။
ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။မွေးလျှင် အခက်အခဲတွေ့နိုင်သည်။
သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။
ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။
အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။
မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။
ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန်
အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကော်ဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။









အင်္ဂါသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။

ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင်
သားသမီး ပါလာတတ်သည်။

လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။
အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။
အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။
ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်။

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။
ပတ္တမြား မြ ထွက်တတ်သည်။



အထူးသတိပြုရန် - အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။
သွပ်၊ သံ၊ သစ် တစ်ပတ်ရစ် ပစ္စည်း လက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။

နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။
ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။
လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။

ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ
ကြုံရမည်။မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။
ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။

ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည်
ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသောဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊
သက်သာပြေပျောက်စေရန်အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။

ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။









ဗုဒ္ဓဟူး သားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။

စီးပွား သိသိသာသာ တက်မည်။
သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။
လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။
လုပ်ငန်းသစ်များ စတင်ပြုလုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။

ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။
ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်းအခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။
သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။
မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။
မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။
ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။
ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့်
အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။


အထူးသတိပြုရန်- အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။
အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။
စိုးရိမ်စရာ မရှိပါ။ အကြီးအကဲကောင်း ရနိုင်၏။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက်အတွက် စိတ်ညစ်ရတတ်သည်။
ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။

နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း
ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။လုပ်လျှင်အောင်မြင်မည်။
ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေကြီးပွားတိုးတက်အောင်မြင်မည့်ကာလ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ
သက်သာပြေပျောက်စေရန်အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။

ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာ ရွှေ့ ပြောင်း၍ အိပ်ပါ။







ကြာသပတေး သားသမီးများအတွက်


အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။

အိမ်သစ်ဆောက်လျှင် ကောင်းသောအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍အဆက်အသွယ်သစ်များ။
ပေါ်လာလိမ့်မည်။

လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ
လုပ်ရတတ်သည်။အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။
ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။
မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။
အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။

သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။
ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။

ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။
ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။
သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။




အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။

မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
မြေအ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။
ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။
ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည်
ဘုရားဆင်းတုတော်စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။
အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။

မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲတို့ကြောင့် စိတ်ညစ်ရတတ်သည်။
အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။
ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန်
အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊
တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။








သောကြာ သားသမီးများအတွက်


အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။

မိမိ၏ အလုပ်မှလည်းကောင်း၊ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ
လက်ရှိအခြေအနေထက် အဆပေါင်းများစီးပွားတက်လိမ့်မည်။

မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်း မလိုက်ရန်
သတိပေးလိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်
သင့်မြတ်သွားမည်။အဖိုးတန်ကျောက်မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ
အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။

အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။
အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။
လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။

ခရီးများမကြာခဏ ထွက်ရတတ်သည်။
ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။
ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။
ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍စိတ်ညစ်ရတတ်သည်။

ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။
ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။




အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက်

သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။

ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။
စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ
ကြုံရတတ်သည်။ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့်မည်။

လက်ရှိ အလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော်လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊
အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။

ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။
သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ
သက်သာပြေပျောက်စေရန်အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေ့နှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။
အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။








စနေ သားသမီးများအတွက်


ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။

မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။
သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။

နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။
မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။
လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။

အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။
ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။

အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များအထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။
လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။




အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။
ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။
ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။

ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။
ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။
ပညာအသစ်တစ်ခု ရတတ်သည်။
အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။
ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။

အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။
စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ
သက်သာပြေ ပျောက်စေရန်အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။

နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။

သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။
တစ်ပတ်တစ်ကြိမ် အဓိဋ္ဌာန်ဝင်ပါ။

วันเสาร์ที่ 8 ธันวาคม พ.ศ. 2555

Myanmar Gtalk Chat For Android

ဒါကတော့ myanmarmobileapp ကနေ Chat 4 MM v0.1 for Android ပါ
Chat 4 MM Developer- Joe Win






Chat 4 MM v0.1 for Android အားရယူရန်
Android ဖုန်း / ထက်ဘလက် တွေအတွက် root လုပ်စရာမလို မြန်မာဖေါင့်တွင်းစရာမလိုပဲ



မြန်မာကီးဘုတ်ရှိယုံနဲ့ချက်လို့ရတဲ့ myanmar app လေးပါကျနော်စမ်းကြည့်ပြီးဗျရပါတယ်
မြန်မာကီးဘုတ်ရယူရန်  Frozenkeyboard_1.1.3



วันพฤหัสบดีที่ 6 ธันวาคม พ.ศ. 2555

GTalk မှာအကောင့်များများတစ်ပြိုင်တည်းဖွင့်နိုင်ရန်

GTalk မှာအကောင့်များများတစ်ပြိုင်တည်းဖွင့်နိုင်ရန် ပထမဆုံ GTalk icon ကို
right click ထောက်ပြီး properties ကို click လိုက်ပါပြီးရင် အောက်ပုံအတိုင်း


shortcut > target ပေါက်မှာ googletalk.exe" /startmenu နေရာမှာ

googletalk.exe" /nomutex ဖြစ်ပြောင်းထည့်ပေးလိုက်ပါပြီးရင် ok ကို
click ပေလိုက်ပါ ဒါဆိုအကောင့်အများကြီးတစ်ပြိုင်တည်းဖွင့်လို့ရသွားပါပြီးခင်ဗျာ

LinkWithin

Related Posts Plugin for WordPress, Blogger...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More