မင်္ဂလာပါမောင်ခိုင်ထူးဘလော့ကိုလာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

วันเสาร์ที่ 11 มกราคม พ.ศ. 2557

Samsung ပရိသတ်တွေ အတွက် ဖုန်း အညွှန်း ကုဒ်များ


အခု ခေတ်မှာ ဖုန်းဆိုင်တွေ များပြားစွာ ပေါ်ပေါက်နေတာ ဖြစ်လို့ အရည်အသွေး အနေနဲ့ သံသယ မဖြစ်ရအောင် 
ဖော်ပြပေးလိုက်ပါတယ်။

ပုံမှန်ထက် ဈေးသက်သာလို့ ဈေးကြီးလို့ စိတ်ထဲ တစ်မျိုး ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စစ်ဆေးကြည့်လိုက်ပေါ့။

ကိုယ်ရဲ့ ဖုန်းဟာ ဘယ်လို အရည်အသွေး ဘယ်လို စွမ်းဆောင်ရည် ရှိတယ်ဆိုတာ လူတိုင်း သိချင်ကြမှာပဲလေ။

ကောင်းပါပြီ။ အောက်မှာ ကြည့်လိုက်ပါဦး

ဖုန်းရဲ့ အသေးစိတ် အချက် အလက်တွေ အတွက် *#*#4636#*#* ကိုနှိပ်ပါ။
သင်သိချင်တဲ့ IMEI ကုတ်၊ မိမိရဲ့ ဖုန်း နက်ဝမ် ဖုန်း ၀န်ဆောင်မှု ထဲမှာ ရှိ မရှိ သိရှိစေမှာ ဖြစ်ပါတယ်။
ဘတ္တရီနဲ့ ပတ်သက်တဲ့ အချက်တွေ အပြင် ဖုန်းမှာ သုံးထားတဲ့ ကိန်း ဂဏန်း ဇယားတွေကို ဖော်ပြပေးမှာ 
ဖြစ်ပါတယ်။

Touch Screen စမ်းသပ်ရန်အတွက်
ဒီ စမ်းသပ်ချက် လေးက ဖုန်းမ၀ယ်ခင် လေးမှာ တော်တော် အသုံးဝင် ပါလိမ့်မယ်။
ဖုန်းတစ်လုံးရဲ့ Touch Screen အရည် အသွေးကို သိရှိစေနိင် ပါတယ်။
ဒီအတွက် *#*#2664#*#* ကိုနှိပ်ပါဗျာ။

touch screen version အတွက်ကတော့ *#*#2663#*#* ကိုနှိပ်ပါ။

ဖုန်းခေါ်လိုက်တာနဲ့ လက်နဲ့ ပွတ်စရာ မလိုပဲ နားနဲ့ ကပ်ရုံနဲ့ ဖြေကြားနိင်တဲ့ proximity sensor ကိုစမ်းသပ်
ဖို့ အတွက် *#*#0588#*#* ကိုနှိပ်ပါ။

ဖုန်းတစ်လုံးမှာ RAM က လည်း အရေးကြီး ပါတယ်။ တစ်ချို့ ဖုန်းတွေက အပြင်မှာ RAM ဘယ်လောက်
ဘယ်လောက်ဆိုပြီး ရေးထားပေမဲ့လို့ တစ်ကယ်တမ်း တရားဝင် မဟုတ်တဲ့ ဖုန်းတွေ ဖြစ်နေတတ်ပါတယ်။ 

ကဲ ကိုယ့်ဖုန်းက အတုလား အစစ်လားဆိုတာ RAM အတွက် *#*#3264#*#* ကိုနှိပ်လိုက်ပါဦး။ 
Null ဆိုရင်တော့ တရားမ၀င်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြူးဇစ် ကြိုက်တဲ့ ကိုကိုမမများ ဖုန်းရဲ့ အသံပိုင်းဆိုင်ရာ မယ်လိုဒီစမ်းဖို့ အတွက်ကတော့ *#*#0673#*#* 
ကိုနှိပ်ကာ စမ်းကြည့်ပါ။

တုန်ခါမူ Vibration အတွက် *#*#0842#*#* ကိုနှိပ်ကာ စမ်းပါ။

ဖုန်းတစ်လုံးရဲ့ အရောင် ကာလာ ကောင်းမွန်မူ၊ အာရုံခံ Accelerometer တွေ ကောင်းမကောင်း၊ စပီကာ
ကောင်းမကောင်း၊ ကင်မရာ ကြည် မကြည် ဆိုတာတွေ အားလုံး အတွက် lcd စမ်းသပ်မှု လို့ခေါ်တဲ့ ဒီနံ
ပါတ်ကိုနှိပ်ကာ *#*#0*#*#* စမ်းပါဗျို့

အဆင်ပြေချောမွေ့ကာ စိတ်ချမ်းသာ ကျန်းမာ ကြပါစေဗျာ


Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Samsung ပရိသတ်တွေ အတွက် ဖုန်း အညွှန်း ကုဒ်များ http://www.simon-vlog.com/2014/01/samsung.html#ixzz2q1BNPa64 
Under Creative Commons License: Attribution 
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ความคิดเห็น:

แสดงความคิดเห็น

LinkWithin

Related Posts Plugin for WordPress, Blogger...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More