မင်္ဂလာပါမောင်ခိုင်ထူးဘလော့ကိုလာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

วันอาทิตย์ที่ 10 กุมภาพันธ์ พ.ศ. 2556

i-mobile i693 ကို Root လုပ်ပြီး Fontchanger နဲ့ မြန်မာဖောင့်ထည့်နည်း

အခုပြောပြမဲ့နည်းလမ်းလေးက i-Mobile i693 Android Mobile Phone ကို Root လုပ်ပြီး Fontchanger နဲ့မြန်မာဖောင့်ထည့်နည်းလမ်းလေးပါ။
i-Mobile i693 Mobile Phone ရဲ့ Android version 2.2 ပါ။
Fontchanger နဲ့အသုံးပြုပြီး မြန်မာဖောင့်ထည့်တာက i-mobile i693 မှာ Original ပါတဲ့ ယိုးဒယားဖောင့်ကိုပါ မပျောက်ပဲ မြန်မာဖောင့်တမျိုး, ယိုးဒယားဖောင့်တမျိုး
တလှည့်စီပြောင်းသုံးချင်တဲ့သူတွေအတွက်ပါ။
ရိုးရိုးတန်း မြန်မာဖောင့်ပါတဲ့ DroidSansFallback.ttf ကို Root လုပ်ပြီး System >> Fonts >> Original DroidSansFallback.tt ကို Overwrite လုပ်ပြီး
မြန်မာဖောင့်မြင်အောင် လုပ်လို့ရပါတယ်။
Original DroidSansFallback.tt ကို Overwrite လုပ်လိုက်တဲ့တွက် Original ပါတဲ့ ယိုးဒယားဖောင့် အလုပ်မလုပ်တော့ပါဘူး။
အခုပြတဲ့ နည်းလမ်းတိုင်း step by step မှန်ခဲ့မယ်ဆိုရင် မိတ်ဆွေရဲ့ i-mobile i693 ကို ယိုးဒယားဖောင့် မပျေက်ဘဲ မြန်မာဖောင့်ကောင်းစွာထည့်နိုင်မှာပါ။
Root လုပ်နည်း

အဆင့် ၁ : Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့် ၂ : Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင်ကိုဖြည်ပါ။
အဆင့် ၃ : Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။ Phone Setting>>Applications>>Unknown sources နှင့် Development>> မှ USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ၄ : ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၅ : Root button ကို ကလစ်နှိပ်ပေးပါ။ Busybox install လုပ်မလားလို့ Box တက်လာလျှင် Yes နှိပ့်ပေးပါ။ ” Root install has completed Would you like run a test ” Box ပ်ါလာလျှင် မိမိဖုန်းမှာ
Superuser ရရှိပြီး Root လုပ်လို့အောင်မြင်ပြီးသွားပါပြီး
Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။
RootRoot လုပ်ပြီးလို့ သေချာပေါက် Superuser ရပြီဆိုရင်
i-mobile i693 ကို Root လုပ်လို့ပြီးဆုံးသွားပါပြီး
i-mobile i693 ကို မြန်မာဖောင့်ပေါ်ဖို့တွက်
အောက်မှာ Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်းကို ဆက်လက်ဖော်ပြထားပါတယ်။
www.cx.com direct link မှ SuperOneClick Tool အားရယူရန်
(OR)
www.munius.com မှ SuperOneClick Tool အားရယူရန်
Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်

Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်း

* ပထမဆုံး မိမိဖုန်းက root လုပ်ထားရပါမယ် *
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ တချို့ဖုန်းတွင် fontchanger application တွက် busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
* ဒုတိယအဆင်အနေနဲ့ *
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ ။
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ ။
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။ ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ ။ apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုနှိပ်ပေးပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်း ယိုးဒယား ဖာင့်မပျောက်ပဲ မြန်မာဖောင့်နဲ့ တွဲဖတ်ပြီး တလှည့်စီချိန်းပြီး အသုံးပြုလို့ရပါပြီ။
Fontchanger သုံးပြီး မြန်မာဖောင့် ထည့်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်



www.cx.com direct link မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်
(OR)
www.munius.com မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်
အားလုံအဆင်ပြေပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ် :) ………………….

0 ความคิดเห็น:

แสดงความคิดเห็น

LinkWithin

Related Posts Plugin for WordPress, Blogger...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More