ကိုလွင်မင်းဗိုလ် ဘလော့ကနေကူးလာတာပါ
ဟိုးအရင် ကျနော် Blog စလုပ်ခါစ အချိန်တုန်းက Format Factory ဆော့ဝဲလ်ကို တင်ပေးထားခဲ့ဖူးပါတယ်.. အဲ့ဒီပိုစ့်မှာ Youtube မှ သီချင်းများ Hand Phone ထဲသို့ထည့်နည်း
ခေါင်းစဉ်နဲ့ ဒီဆော့ဝဲလ်ရဲ့ အသုံးပြုပုံကိုလည်း ပုံလေးတွေနဲ့
ရှင်းပြပေးထားပါတယ်.. ပြန်ကြည့်ချင်တဲ့သူများနဲ့ ဒီဆော့ဝဲလ်ကို
အသုံးမပြုတတ်သေးတဲ့ သူများကတော့ ဒီနေရာကနေ
ပြန်ဝင်ကြည့်နိုင်ပါတယ်.. ဖေါ်မတ်အားလုံးနီးပါးကို Convert
ပြောင်းပေးနိုင်တဲ့ အတွက် လူတိုင်းကြိုက်တဲ့ ကောင်လေးပါ..။ ကျနော်လည်း
ကွန်ပျူတာ စသုံးတတ်စ ကတည်းက အသုံးပြုလာတာ အခုချိန်ထိ အသုံးပြုနေတုန်းပါပဲ..
အသုံးပြုရတာ အဆင်ပြေ၊လွယ်ကူတဲ့အတွက် ဖရီးတွေထဲမှာတော့ တန်ဖိုးရှိတဲ့
ဆော့ဝဲလ်ကောင်းလေး တခုပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ
ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ နောက်ဆုံးထွက်ဆိုတော့
အရင်ကောင်တွေထက် ပိုများပါတယ်.. 51 MB ရှိပါတယ်..။ အောက်မှာတော့
ကျနော်စက်ထဲမှာ ဖေါ်မတ်ပြောင်းပြီးတဲ့အခါ Desktop မှာ အလွယ်ထုတ်ယူလို့
ရအောင်.. သူ့ရဲ့ Option ထဲဝင်ပြီး အနည်းငယ်ပြောင်းထားတာကို
ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို Blog ညာဘက် ထိပ်ဆုံးမှာ
လင့်ချိတ်ပေးထားတဲ့ ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒေါင်းယူရမှာပါ..
ဒေါင်းလော့ အဆင်မပြေတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..
ဒေါင်းယူပါ >>>> Format Factory 3.00 <<<<
ကျနော်ကတော့ Install ထည့်ပြီးတာနဲ့ အနည်းငယ်ပြောင်းလဲ ထားမှာမို့ အောက်ကပုံအတိုင်း အမှန်ခြစ်ပေးပြီး Finish ပေးလိုက်ပါတယ်..
Desktop မှာ ဖိုဒါတခုဖွင့်ပြီး အောက်ကပုံအတိုင်း လုပ်ပါတယ်..






အာမ္ဂးဒးစိုပ် ကေတ်မ္ဂးဒးဂွံ ကေၜာန်မ္ဂးဒးဒှ်ဍာံ




0 ความคิดเห็น:
แสดงความคิดเห็น