မင်္ဂလာပါမောင်ခိုင်ထူးဘလော့ကိုလာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

วันอังคารที่ 29 มกราคม พ.ศ. 2556

Firefox Browser မှာ မြန်မာ Font မပေါ်ရင်/ဖတ်မရရင် & မြန်မာ Font ပြဿနာ ရှင်းတမ်း




 ကျလာတဲ့အထဲက options >options ကိုသွားပါ..

Options အကွက်ကျလာပါလိမ့်မယ်..အဲ့ဒီအထဲက Content ကိုသွားပါ..
Fonts & Colours အောက်က Advanced ကိုကလစ်ပါ..
ကျလာတဲ့ Fonts အကွက်ထဲက Fonts for အကွက်ကို ကလစ်နှိပ်ပြီး Other Languages ကိုရွေးပါ..
နောက်ပြီး Serif အကွက်ရယ်.Sans-serif အကွက်ရယ်..Monospace အကွက်ရယ်
အကွက် သုံးခုလုံးကို Zawgyi-one ပေပြီး Ok နှိပ်ပါ..

 Options အကွက်ကိုလည်း Ok နှိပ်ပါ..ဟုတ်ကဲ့ ရပါပြီ..
 
Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်တဲ့ပြဿနာကို ခဏခဏ မေးနေကြလို့ လက်တွေ့ကိုယ်တိုင် ကိုယ်ကျ လုပ်တတ်အောင် Video လေးနဲ့ ရှင်းပြပေးလိုက်ပါတယ်..။ Video ထဲက ကျနော် သုံးထားတာကတော့ Firefox ကထုတ်တဲ့ Nightly Browser ပါ... နာမည်သာကွဲပြီး Mozilla Firefox နဲ့ အတူတူပါပဲ... စမ်းသုံးကြည့်တော့ ရိုးရိုး Firefox ထက် အဆင်ပြေတာတွေ့လို့ သုံးကြည့်နေတာပါ... တကယ်လို့ Nightly Browser ကို စမ်းသုံးချင်ရင်  ဒီနေရာမှာ မိမိ စက်နဲ့ ကိုက်ညီတာရွေးပြီး အခမဲ့ဒေါင်းယူနိုင်ပါတယ်....

ကွန်ပျူတာမှာ မြန်မာစာတွေ ရေး/ဖတ် နိုင်ဖို့ Zawgyi Font လုံးဝ မရှိသေးဘူးဆိုရင် ဒီနေရာမှာ Window 32bit အတွက် ဒေါင်းယူ Install ပေးပါ 64bit အတွက်ကိုလည်း ဒီ 32bit ကို အရင် Install ပေးရမှာပါ... Window 32bit အတွက်ဆိုရင် ဒီအဆင့်မှာတင် မြန်မာစာတွေ ရေး/ဖတ် နိုင်ပါပြီ.... တကယ်လို့ ရေး/ဖတ် မရသေးဘူးဆိုရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ Window ပြန်တတ်လာရင် ရေး/ဖတ် လို့ရနိုင်ပါပြီ...။

Window 64bit အတွက်ကိုတော့ နောက်ထပ် ထပ်ထည့်ပေးရဦးမှာပါ... Zawgyi Font For 64bit အတွက်ကို ဒီနေရာမှာ ဒေါင်းယူပါ... ဘယ်လို Install ပေးရမယ်ဆိုတာကိုလည်း Notepad ထဲမှာ ရေးပေးထားပါတယ်...။

မြန်မာ Font နဲ့ ပါတ်သက်ပြီး အားလုံးအဆင်ပြေစေဖို့ ဒီဆိုက်ဒ် ရဲ့ ညာဘက်မှာတင်ပေးထားပါတယ် သတိမထားမိကြလို့ပါ... အောက်ကပုံလေးတွေကို နှိပ်ပြီး ဒေါင်းယူရုံပါပဲ.... အပေါ်ဆုံးက Window x32bit အတွက်ပါ ... အောက်က Window x64bit အတွက်ပါ ... အောက်ဆုံးက Myanmar Unicode ပါ....။

Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်ရင် အောက်က Video လေးအတိုင်း Setting တွေကို ချိန်းပေးနိုင်ပါတယ်...

တချို့မြန်မာ Website တွေမှာ Myanmar Unicode နဲ့ ရေးထားတတ်ကြပါတယ် .. အဲ့ဒီ Myanmar Unicode နဲ့ ရေးထားတဲ့ Website တွေမှာ မြန်မာစာတွေ မပေါ်တာမျိုး/ဖတ်မရတာမျိုးကိုတော့ Myanmar Unicode Font ကို မိမိ စက်ထဲမှာ ထည့်ထားဖို့ လိုဦးမှာပါ.... Myanmar Unicode Font ကို  ဒီနေရာ မှာ နှိပ်ပြီး Install ပေးပါနိုင်ပါတယ်ခင်မျာ......။
အခြား မြန်မာ Font နဲ့ ပါတ်သက်ပြီး အဆင်မပြေတာတွေ..
 (ဥပမာ။ ။ Gtalk မှာစာရေးရင် အမှန် Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာမျိုး) ကိုတော့..
ဒီနေရာ  မှာ ရေးထားပေးပါတယ်...။
နောက်ဆုံး တစ်ခုကတော့ ခုမှထွက်လာတဲ့ Window 8 မှာ Zawgyi Font သွင်းနည်းကိုတော့ ဒီနေရာမှာ တင်ပေးထားပါတယ်....။
အဆင်ပြေကြပါစေ......
ဝင်းကမ္ဘာကျော်

0 ความคิดเห็น:

แสดงความคิดเห็น

LinkWithin

Related Posts Plugin for WordPress, Blogger...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More